လွမ်းမောဖွယ်ကောင်းသော တောင်ပေါ်မြေ
စိမ်းလန်းစိုပြေ မွေးရပ်မြေကို
တမ်းတမ်းတတ လွမ်းဆွတ်မိတယ်
ရွာဝင်ဝမှ ပြည်ညောင်ပင်နှင့်
လက်ပံပင်ကြီးလည်း ရွာကျက်သရေကို
တစ်မျိုးတစ်ဖုံ ဂုဏ်ဆောင်နေတယ်
ရွာဦးကျောင်းရှိ ပဒုံမ္မာ၊ရွှေကြာပြည့်နက်နေတဲ့
ကန်ဘောင်ကြီးလည်း ရွာကျက်သရေကို
တစ်မျိုးတစ်ဖုံ ဂုဏ်ဆောင်နေတယ်
တောင်ကမ်းပါးများ ၀န်းရံထားတဲ့
မွေးရပ်မြေကို လွမ်းဆွတ်မိတယ်
ယမားရေဖွေးဖွေး တစိမ့်စိမ့်စီးတဲ့
စမ်းချောင်းလေးကို လွမ်းဆွတ်မိတယ်
ဆည်းလည်းလေးတွေ တကျွီကျွီမြည်တဲ့
တောင်ပေါ်ဦးမှ မြတ်စေတီလည်း
လွန်စွာမှပင် သပ္ပာယ်လှတယ်
သစ်ပင်ပန်းမန်များ စိမ်းလန်းစိုပြေ
သာယာလှတဲ့ ကျောင်းတော်ကြီးမှ
ပညာသင်ပေးကြတဲ့ မြတ်ဆရာ/မ များကို
သတိရတမ်းတ လွမ်းဆွတ်မိတယ်
မွေးရပ်မြေမှာ ငယ်စဉ်ခါက
မြူးထူးပျော်ပါး ဆော့ကစားခဲ့ကြတဲ့
ချစ်သူငယ်ချင်းများကို
သတိရတမ်းတ လွမ်းဆွတ်မိတယ်
တောင်တန်းဝန်းရံ ကာဆီးနေ၍
စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေပြီး
လွန်စွာမှပင် သာယာလှတဲ့
တို့ရဲ့မွေးရပ်မြေကို ဒီထက်မက
ခေတ်မှီဖွင့်ဖြိုး တိုးတက်စေဖို့
တို့တွေအားလုံး တက်ညီလက်ညီ ကြိုးစားကြမယ်…………
No comments:
Post a Comment