Monday, May 28, 2012

ဒို့ နေတဲ့ ရွာ...



သူငယ်ချင်းရေ......
တောင်တန်း ညိုညို
အလွမ်းပိုစရာ ကောင်းတဲ့... 
ရွာ အ၀င်လမ်းက တမာပင်တန်းတွေကလည်း
လွမ်း စရား လေးနော်....

တစ်ခါ တစ်ခေါက်မှာ
ပုံတောင်မြေကို ရောက်ခဲ့ရင်
ငါတို့ ရွာကို ခဏလောက် ၀င်လို့ နှုတ်ဆက်သွားအုံးလေ...
ငါတို့ တွေ မစိမ်းကား ပါဘူး....
ညို့ ဆိုင်းဆိုင်း တောင်တန်းကြီးတွေက
မင်းအလာကို ရင်ဖွင့်လို ကြိုနေကြလိမ့်မယ်...

စကားသံ ချို ဂရုဏာတွေ ပိုတဲ့
တောင်ပေါ်သူ တောင်ပေါ်သားတွေးကလည်း
စေတနာ အပြိုင်းနဲ့ လက်မနှေးကြပါဘူးကွယ်
သာယာသီကြွေး ငှက်ကလေးတွေစုံတဲ့
လတပေါင်းလေးမှာ ဆိုရင်တော့
မင်းလာတဲ့ လမ်းမှာ ဥသြငှက်ကလေးက
ညာသံတွေ ပေးလို့ ကဗျာဆန်ဆန်လေး လွမ်းပြလိမ့်မယ်နော်....
အ၀ါရောင် သန်းတဲ့
ငုဝါ နဲ့ ပိတောက်ပန်းကလေးတွေကလည်း
တောတစ်လျှောက်မှာ သင်းပျံ့ လို့
ခရီး မမောရအောင် ပို့ဆောင်ပေးလိမ့်မယ်နော်...

အလှတွေ ထူးတဲ့ လတန်ခူးမှာ ဆိုရင်လည်း
မိုးသက်လေနံ့ နဲ့ ရွှေဥဒေါင်း ငှက်တို့က
အိုးဝေ အိုးဝေ ဆိုပြီး တစ်မျိုးတစ်သွေလေးနဲ့
မင်း အလာကို ဆီးလို့ ကြိုနေလိမ့်မယ်နော်....

ရာသီတွေ အေး
ကဗျာပန်းချီတွေ ရေးလို့ ရတဲ့
ဆောင်းရာသီမှာ ဆိုရင်တော့ ကွယ်
ပွဲတော်သံ တွေ တညံညံ နဲ့
ရိုးရာ ဆိုင်းတွေ တီးပြိး
အလှူတွေ ပေးနေတဲ့ ရွာကလေးဟာ
ပုံတောင် မြေက ကျုပ်တို့ နေတဲ့ ရွာလေး ပေါ့..
တစ်ခါ တစ်ခေါက်တော့ လာရောက်ဖို့ ဖိတ်ခေါ် အပ်တယ်
............................ညီနောင် သူငယ်ချင်းရယ်........။
၂မိုင်ခန့်ဝေးသော အလယ်တန်းကျောင်းသို့ နေ့စဉ်သွားရောက်ပညာသင်ယူနေသောကလေးငယ်များ

လွမ်းမောဖွယ်ကောင်းသော တောင်ပေါ်မြေ



စိမ်းလန်းစိုပြေ မွေးရပ်မြေကို

တမ်းတမ်းတတ လွမ်းဆွတ်မိတယ်

ရွာဝင်ဝမှ ပြည်ညောင်ပင်နှင့်

လက်ပံပင်ကြီးလည်း ရွာကျက်သရေကို

တစ်မျိုးတစ်ဖုံ ဂုဏ်ဆောင်နေတယ်

ရွာဦးကျောင်းရှိ ပဒုံမ္မာ၊ရွှေကြာပြည့်နက်နေတဲ့

ကန်ဘောင်ကြီးလည်း ရွာကျက်သရေကို

တစ်မျိုးတစ်ဖုံ ဂုဏ်ဆောင်နေတယ်

တောင်ကမ်းပါးများ ၀န်းရံထားတဲ့

မွေးရပ်မြေကို လွမ်းဆွတ်မိတယ်

ယမားရေဖွေးဖွေး တစိမ့်စိမ့်စီးတဲ့

စမ်းချောင်းလေးကို လွမ်းဆွတ်မိတယ်

ဆည်းလည်းလေးတွေ တကျွီကျွီမြည်တဲ့

တောင်ပေါ်ဦးမှ မြတ်စေတီလည်း

လွန်စွာမှပင် သပ္ပာယ်လှတယ်

သစ်ပင်ပန်းမန်များ စိမ်းလန်းစိုပြေ

သာယာလှတဲ့ ကျောင်းတော်ကြီးမှ

ပညာသင်ပေးကြတဲ့ မြတ်ဆရာ/မ များကို

သတိရတမ်းတ လွမ်းဆွတ်မိတယ်

မွေးရပ်မြေမှာ ငယ်စဉ်ခါက

မြူးထူးပျော်ပါး ဆော့ကစားခဲ့ကြတဲ့

ချစ်သူငယ်ချင်းများကို

သတိရတမ်းတ လွမ်းဆွတ်မိတယ်

တောင်တန်းဝန်းရံ ကာဆီးနေ၍

စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေပြီး

လွန်စွာမှပင် သာယာလှတဲ့

တို့ရဲ့မွေးရပ်မြေကို ဒီထက်မက

ခေတ်မှီဖွင့်ဖြိုး တိုးတက်စေဖို့

တို့တွေအားလုံး တက်ညီလက်ညီ ကြိုးစားကြမယ်…………



သဘာဝအလျောက်လှပသော မွေးရပ်မြေ - ၁
တောင်ပေါ်ရွာကလေးတစ်ရွာမှ ကျောင်းသူ/သားလေးတွေ မိမိရွာမှာ ကျောင်းမရှိလို့ အခြားခွဲကျောင်းကို ဖောင်လေးစီးပြီး ခက်ခက်ခဲခဲသွားတက်နေပုံလေးပါ